Jewelry Professional Class တွင် ဘာသာ သုံးခု ပါဝင်ပါမည်။ Jewelry Professional Class တွင် ကျောက်မျက်နှင့်လက်ဝတ်ရတနာပညာရှင်များအတွက် အဓိကအကြောင်းအရာများဖြစ်သည့် စိန်၊ ပတ္တမြား၊ နီလာ၊ လက်ဝတ်ရတနာဒီဇိုင်း၊ ပုံစံဖန်တီးနည်းများ၊ နှင့် လက်ဝတ်ရတနာထိန်းသိမ်းနည်းတို့၏ အခြေခံဗဟုသုတကို သင်ကြားပေးမည်ဖြစ်သည်။ ဤသင်ယူမှုမှရရှိသော အသိပညာကို လုပ်ငန်းခွင်တွင် ချက်ချင်းအသုံးချနိုင်ပြီး ဖောက်သည်များနှင့် ပိုမိုထိရောက်သော ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
(သင်တန်းကြေး ပေးသွင်းပြီးမှသာ သင်တန်းအပ်နှံမှု အတည်ဖြစ်ပါသည်။)
သင်ကြားပေးမည့် အကြောင်းအရာများ
- စိန်တပွင့်၏တန်ဖိုးကို သတ်မှတ်ပေးသည့် 4Cs (အရောင်၊ ကြည်လင်မှု၊ ဖြတ်တောက်မှုနှင့် ကာရတ်အလေးချိန်) အကြောင်း။
- စိန်၏ အရွယ်အစားနှင့် အလေးချိန်အကြား ဆက်နွယ်မှု။
- ပြုပြင်ထားသော၊ ဓာတ်ခွဲခန်းတွင်ပြုလုပ်ထားသော စိန်၊ ကျောက်များ၏ ကွာခြားချက်များကို ရှင်းလင်းပြည့်စုံစွာ နားလည်စေရန် သင်ကြားပေးပါမည်။
- လက်ဝတ်ရတနာ ရောင်းချမှုလုပ်ငန်းစဉ်များကို အဆင့်လိုက်ရှင်းပြပေးပါမည်။
- လက်ဝတ်ရတနာ ဒီဇိုင်း၊ ပုံစံနှင့် ထုတ်လုပ်မှုဆိုင်ရာ အင်္ဂါရပ်များကို ကျွမ်းကျင်စွာ လေ့လာနိုင်မည်။
- လူကြိုက်အများဆုံး Color Stones များ၏ စိတ်ဝင်စားဖွယ် အချက်အလက်များကို ပြောကြား သင်ကြားပေးမည် ဖြစ်သည်။
တက်ရောက်သင့်သူများ
- လက်ဝတ်ရတနာအရောင်းကျွမ်းကျင်လိုသူများ
- လက်ဝတ်ရတနာလက်ထောက်မန်နေဂျာ
- လက်ဝတ်ရတနာအကြံပေးပညာရှင်
- လက်ဝတ်ရတနာဝန်ဆောင်မှုအကြံပေး
- လက်ထောက်စာရင်းစီမံခန့်ခွဲသူ
- လက်ဝတ်ရတနာနှင့်ပတ်သတ်သည့် စာရင်းစီမံခန့်ခွဲသူ
- ရတနာဆိုင်ဖွင့်လှစ်လိုသူများ၊ ဖွင့်လှစ်ထားသူများ
(Applied Jewelry Professional™ Professional Development Diploma တက်ရောက်ရယူလိုပါက တိုက်ရိုက်ကျောင်းအပ်ပေးပါသည်။)