Book An Virtual Appointment close

Inquiry Form close

ArticleDetail01

ဘာကြောင့် စိန်တွေရဲ့ Color ဟာ D ကစရတာလဲ?

Sep 18 2024

စိန်တွေရဲ့ Color ကို စိစစ်တဲ့အခါမှာ D-Z ထိ တိုင်းတာပြီး ဘာကြောင့် A ကနေ မစသလဲ ဆိုပြီး တွေးမိတဲ့သူများရှိလားဗျ။

ဒီနေ့မှာတော့ စိန်တွေရဲ့ Color ကို ဘာကြောင့် D ကနေစ သတ်မှတ်ရသလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


အရင်တုန်းက စိန် Grading ကို ဘယ်လိုလုပ်ကြလဲ?

1953 မတိုင်ခင်အထိ စိန်တွေ ရဲ့ အရည်အသွေးကို ဆုံးဖြတ်ရာမှာ စံသံမှတ်ချက်တွေ မရှိခဲ့သေးပါဘူး။

ရတနာကုန်သည်တွေနဲ့ စိန်ကုန်သည်တွေဟာ သူတို့ရဲ့ စိန်တွေကို Grade A, B, C (သူတို့အကြိုက်ဆုံးစိန်တွေကိုတော့ AA, AAA) ဆိုပြီး သတ်မှတ်ခဲ့ကြတာပါ။

Note: ရှေးကုန်သည်ကြီးများဟာ D ကနေ Z အထိ ကိုတော့ သူတို့ရဲ့ စိန်အရည်အသွေး မကောင်းဘူးထင်မှာစိုးတဲ့အတွက် သုံးခဲ့ကြပုံမပေါ်ပါဘူး။


GIA မှာ ဘယ်လိုစတင်သတ်မှတ်ခဲ့တာလဲ?

1953 ခုနှစ်မှာ GIA က Standard Color Scale တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အရင်က ကြုံလာခဲ့တဲ့ grading systems (A, B, C) တွေနဲ့ ရောထွေးမှုမဖြစ်အောင်
သဘာဝအရောင်မဲ့ colorless ကို Color D ကနေစပြီး
အနည်းငယ်အရောင်ပါဝင်တဲ့ light yellow or brown အထိကို Z ထိ Grading လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 🙏
Photo Credit: GIA

Messenger